How to check Hard Drive Health on Linux?

How to check your Hard Drive Health on Linux?

    Hard Drive တွေက သုံးလာတာကြာလာရင် တစ်ခုမဟုတ်တစ်ခုတော့ဖြစ်တတ်ကြတာဘဲလေ....... အဲ့တော့ ကိုယ့်ရဲ့ Hard Driveက ဘယ်လောက်ကောင်းသေးလဲဆိုတာကိုသိဖို့ Hard Drive Health လေးကို Battery တွေလို Health‌ လေးကို စစ်ကြည့်လို့ရတာပေါ့......
    ခုနောက်ပိုင်း Hard Drive တွေမှာ “S.M.A.R.T.” ပါရှိလာတာကိုတွေ့ရပါသည်။ "S.M.A.R.T"ဆိုတာကတော့ Hard Driveတွေရဲ့ Strengthနဲ့ Healthကို စစ်ဆေးပေးဖို့အတွက် {Linux, Mac & Windows}ကဲ့သို့ Operating Systemကို လည်ပတ်ရန် ခွင့်ပြုပေးထားတဲ့ Features တစ်ခုပါ။
Note:- မိတ်ဆွေရဲ့ Hard Drive မှာ “S.M.A.R.T” ရှိမရှိ စစ်ဆေးရန် အမြန်ဆုံးနည်းလမ်းကတော့ Hard Driveကို မိတ်ဆွေရဲ့ Computerကနေထုတ်ယူပြီး Instruction ပေါ်မှာပါတဲ့ Informationတွေကိုဖတ်လိုက်ရမှာပါ။ မပါခဲ့လျှင် Smartmontoolsကို ထည့်သွင်းရပါမယ်။
    Linux တွင် S.M.A.R.T ကိုစစ်ဆေးရန် နည်းလမ်းများစွာရှိပါတယ်။ Hard Drive ၏အခြေအနေအရ ဖြစ်နိုင်သောအမြန်ဆုံးနည်းလမ်းမှာ smartctl ဖြစ်ပါတယ်။ ဤToolကို ဘယ်လိုသုံးရမယ်လို့ မပြောပြခင် ကျွန်တော်တို့ smartlctl ဖြင့် သင့် Hard Drive များ၏ Healthကို မည်သို့စစ်ဆေးရမည်ကို လမ်းညွှန်ချက်ပေးရပါမ။

    Smartmontools ကို ထည့်သွင်းရန် Terminalကိုဖွင့်ပြီး မိတ်ဆွ၏ Linux နှင့် ကိုက်ညီသော ညွှန်ကြားချက်များကို လိုက်နာရပါမယ်။

Ubuntu
sudo apt install smartmontools

Debian

sudo apt-get install smartmontools

Arch Linux
sudo pacman -S smartmontools

Fedora
sudo dnf install smartmontools

OpenSUSE
sudo zypper install smartmontools

Smartctl သည်အသုံးပြုရအလွန်လွယ်ကူပါတယ်။ အဲ့ဒါနဲ့ မိတ်ဆွေရဲ့၏ Hard DriveHealthကို စစ်ဆေးရန်၊ ဤအဆင့်များကို လိုက်နာပါ။

Step~1 Terminal ကိုဖွင့်ပြီး su သို့မဟုတ် sudo -s ဖြင့် root shell ကိုရယူပါ။
Step~2 lsblk cmd ဖြင့် မိတ်ဆွေ၏ Linux PC နှင့် ချိတ်ဆက်ထားသော Hard Drive တွေကို စာရင်းပြုစုပါ။ /dev/sdX သည် စက်ရဲ့အမှတ်အသားဖြစ်ပြီး /dev/sdX# ဆိုသည်မှာ အပိုင်းလိုက်နံပါတ်ဖြစ်ကြောင်း မှတ်သားထားပါတယ်။
Step~3 မိတ်ဆွေ၏ Drive စာရင်းကို ကြည့်ပြီး မိတ်ဆွေစစ်ဆေးလိုသည့် Drive ကို ရှာပါ။ တွေ့ရှိပြီးသည်နှင့်  မှတ်ထားပါ။
Step~4 Terminal တွင် S.M.A.R.T ကို print ထုတ်ရန် smartctl command ကိုသုံးပါ။ မိတ်ဆွေ၏အခြေအနေ၊ မိတ်ဆွေရဲ့Drive ၏အညွှန်းအမည်ဖြင့် “‌X” ကိုပြောင်းရန်သေချာပါစေ။
အထွက်ကိုကြည့်၍ မိတ်ဆွေရဲ့ Drive ၏ Healthကို ဆုံးဖြတ်ပါ။ မိတ်ဆွေတွင် Hard Drive  များစွာရှိတယ်ဆိုရင်တော့ ဂရုစိုက်ပါ။
ကျေးဇူးတင်ပါတယ်........

မင်္ဂလာရှိသောနေ့လေးကို ပိုင်ဆိုင်နိုင်ပါစေ........

#TeamTechno

Comments

Popular Posts