Installation Telegram on Fedora 36

 

Installation Telegram on Fedora 36

မင်္ဂလာပါ။ ။ ကျွန်တော်တို့ရဲ့ Techno Knowledge Sharing Blog ‌လေးမှာ ဆက်လက်ပြောပြသွားမှာကတော့ Telegram Software ကို linux မှာ red hat base ဖြစ်တဲ့ Fedora 36မှာ Installation လုပ်နည်းလေးပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ပြောသွားမှာကတော့ snap[Snapcraft] နဲ့ Installation လုပ်နည်းလေးပါ။
အဲ့ဒါဆို စလိုက်ကြရအောင်.....

ပထမဦးစွာ ကျွန်တော်တို့ os မှာ snap ကို install လုပ်ပေးရမှာပါ။ ဒီအဆင့်ကတော့ snap ကို တခါမှ install မလုပ်ရသေးတဲ့သူတွေအတွက်ပါ။ snap install လုပ်ပီးသားဆိုရင်တော့ ယခုအဆင့်ကိုကျော်လိုက်လို့ရပါတယ်။ အဲ့ဒါဆို ခုဏက စကားလေးပြန်ဆက်လိုက်ကြရအောင်......... ဟုတ်ပါတယ် ကျွန်တော်တို့ snap[Snapcraft] ကို Installation အတွက် cmd တစ်ကြောင်းဘဲလိုတာပါ။ အဲ့ဒါကတော့

sudo dnf install snapd -y

Install လုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ restart တစ်ခါလုပ်ပေးရပါ့မယ်။ restart အတွက် cmd လေးကတော့

sudo systemctl restart snapd

ပြီးရင်တော့ ကျွန်တော်တို့ လိုအပ်တဲ့အချို့ package လေးတွေအတွက် အောက်က cmd လေးကိုရိုက်ပေးပါ။

sudo ln -s /var/lib/snapd/snap /snap

package တွေကို အစီစဉ်အတိုင်းလုပ်ပြီးရင်တော့ snap core File တွေကို install လုပ်ပေးဖို့အတွက် cmd လေးကတော့

sudo snap install core

installလုပ်ပြီးရင် အခုလိုလေး ‌ပေါ်လာပါမယ်......... 

core 16-2.52.1 from Canonical✓ installed

အဲ့ဒါပြီးရင်တော့ ကျွန်တော်တို့ Telegram ကို install လုပ််ရန်အတွက် ပေးထားတဲ့ Cmd လေးကို ရိုက်ပေးရပါ့မယ်။

sudo snap install telegram-desktop

installation ပြီးဆုံးကြောင်းကို ‌ယခုကဲ့သို့ reply ပြန်ခဲ့ပါတယ်။

telegram-desktop 3.1.11 from Telegram FZ-LLC (telegram.desktop) installed

installation ပြိးသွားပြီဆိုရင်တော့ ကျွန်တော်တို့ ယခု install လိုက်တဲ့ Telegram ရဲ့ icon မတွေ့ဘူးဆိုရင်တော့ gdm ကို restart လုပ်ပေးရပါမယ်။ gdm restart အတွက် Cmd ကတော့

sudo systemctl restart gdm

Telegram Icon မပျောက်ခဲ့ဘူးဆိုရင်တော့ restart လုပ်ပေးတဲ့ cmd ကိုရေးစရာမလိုပါ။

ကျေးဇူးတင်ပါသည်........

သာယာတဲ့နေ့လေးကို ပိုင်ဆိုင်နိုင်ပါစေ......

#TeamTechno

Comments

Popular Posts