Installation of Nvidia Driver on Fedora 35 {based on RedHat}

 
Installation of Nvidia Driver on Fedora 35 {Based on RedHat}

မင်္ဂလာပါ။ ဒီတခါမှာတော့မိတ်ဆွေတို့ကို NVIDIA Driver Installation လေးပြောပြသွားမှာဖြစ်ပါတယ်။.......
ပထမဦးဆုံး မိတ်ဆွေတို့က မိတ်ဆွေတိုရဲ့ Computer မှာ Nvidia Graphic Card လေး Detect ဖြစ်မဖြစ်ကို အရင်ဆုံးစစ်ဆေးပေးရမှာဖြစ်ပါတယ်။ Detect ဖြစ်မဖြစ်စစ်ဆေးပေးတဲ့ Command Line‌ လေးကတော့......

lspci | grep VGA

မိတ်ဆွေ Computer မှာ Detect ဖြစ်နေမယ်ဆိုရင်တောာ့......


အထက်မှာပြထားသလိုလေးပေါ်ပါလိမ့်မယ်။ အာ့ဆိုရင်တော့ Driver လေး Install လုပ်ဖို့အတွက် အောက်က Command Line လေးကို ရိုက်ပေးပါ။
GeForce/Quadro/Tesla models အတွက်

sudo dnf install akmod-nvidia

GeForce 400/500 models အတွက်

sudo dnf install xorg-x11-drv-nvidia-390xx akmod-nvidia-390xx

GeForce 8/9/200/300 models အတွက်

sudo dnf install xorg-x11-drv-nvidia-340xx akmod-nvidia-340xx

ပြီးရင်တော့ y လေးရိုက်ပြီး Enter‌ လေး ခေါက်ပေးလိုက်ပါ။ Installation Complete ပြသွားပီဆိုရင် Computer ကို Restart လုပ်ပေးရပါမယ်။ Restart လုပ်ဖို့အတွက် Command Line လေးကတော့......

sudo reboot

ပြန်တတ်လာပြီဆိုရင် မိတ်ဆွေရဲ့ Computer မှာ Nvidia Driver Install လုပ်လို့ပြီးသွားပါပြီ။

ကျေးဇူးတင်ပါတယ်.....

မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ.........

#TeamTechno

Comments

Popular Posts