How to check Hard Drive Health on Windows?

How To Check Hard Drive Health on Windows?

    Window OSမှာတော့ Hard Drive Health ကို နည်းအမျိုးမျိုးနဲ့စစ်လို့ရပါတယ်။ အဲ့ထဲကမှ အလွယ်ကူဆုံးလို့ထင်ရတဲ့ နည်းလမ်းလေးတွေကိုပြောပြထေားပါတယ်။

~ ပထမဦးဆုံးနည်းလမ်းကတော့........

WMIC Commandလေးပါ။ 

WMIC ဆိုတာကတော့ Wndows Management Instrumentation Command ၏ အတိုကောက်လေးပါ။ WMIC က မိတ်ဆွေရဲ့ Hard Drive ရဲ့ Health ကို စစ်ဆေးပေးတဲ့ မိတ်ဆွေရဲ့ Windows ရဲံလုပ်ဆောင်ချက်တွေကို စစ်ဆေးပြီး စီမံခန့်ခွာပေးတဲ့ Command Line တစ်ခုပါ။

WMIC command line အကြောင်းကိုသိပြီဆိုတော့ စလိုက်ကြရအောင်............

Start menu က Search ကိုသွားပါ၊ command prompt ကိုရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။ ဒါမဟုတ် Win Key + R ကိုနိပ်ပြီး Run ကိုခေါ်လိုက်ပါ။ Run Box မှာ cmd လို့ရိုက်လိုက်ပါ။ 

Command prompt တွင် wmic ဟုရိုက်ထည့်ပြီး Enter ခေါက်ပါ။

WMIC Interface တွင် diskdrive get statusကို ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

Enter နှိပ်လိုက်သည်နှင့် tool ကို စတင်အသုံးပြုနိုင်ပါ။ ၎င်းသည် စက္ကန့်အနည်းငယ်အတွင်း အလုပ်လုပ်မည်ဖြစ်ပြီး မိတ်ဆွေ၏ Hard Drive Health အခြေအနေအား လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။


~ ဒုတိယနည်းလမ်းလေးကတော့..........

CHKDSK Commandလေးပါ။ 

CHKDSK ဆိုတာကတော့ Check Disk ရဲ့ အတိုကောက်လေးပါ။ 

မိတ်ဆွေရဲ့ Hard Drive က bugs များကို စစ်ဆေးပြီး လိုအပ်လျှင် Repair လုပ်ပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ မိတ်ဆွေရဲ့ Disk Parts များကို Hard Drive Bugs များကို စစ်ဆေးခြင်းနှင့် ပြုပြင်ခြင်းတွင် ကူညီပေးပါသည်။

ဒီ Command line က Windows ပေါ်မှာ Hard Drive ကို စစ်ဆေးရန် အသုံးပြုနိုင်ပါသည်။ ခုလက်ရှိနောက်ဆုံးထွက်ထားတဲ့ Windows 11 မှာလည်း အသုံးပြုနိုင်ပါတယ်။

CHKDSK Command Line လေးအကြောင်းလည်းသိပြီဆိုတော့ စလိုက်ကြရအောင်.......

Start menu က Search ကိုသွားပါ၊ command prompt ကိုရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။ ဒါမဟုတ် Win Key + R ကိုနိပ်ပြီး Run ကိုခေါ်လိုက်ပါ။ Run Box မှာ cmd လို့ရိုက်လိုက်ပါ။ 

Command prompt တွင် Chkdsk/f ဟုရိုက်ထည့်ပြီး Enter ခေါက်ပါ။

Enter နှိပ်လိုက်သည်နှင့် tool ကို စတင်အသုံးပြုနိုင်ပါ။ ၎င်းသည် စက္ကန့်အနည်းငယ်အတွင်း အလုပ်လုပ်မည်ဖြစ်ပြီး မိတ်ဆွေ၏ Hard Drive ၏ Health အခြေအနေအား လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။


ကျေးဇူးတင်ပါတယ်..........

မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ......

#TeamTechno

Comments

Popular Posts