How to use Mobile Internet using "1.1.1.1" VPN?????



 Using "1.1.1.1" Vpn

ဒီနေ့မှာတော့ ကျွန်တော်ပြောပြချင်တာလေးကတော့ "1.1.1.1"Vpn လေးကိုအသုံးပြုလို့မရတဲ့ ကျွန်တော့်ညီအစ်ကိုမောင်နှမများအတွက်....

ယခုလို "Internet" လိုင်းတွေကို လွှတ်လပ်စွာသုံးလို့မရတဲ့ အချိန်ခါမှာ ကျနော်တို့နိင်ငံရဲ့အဓိက Mobile Operator များဖြစ်ကြတဲ့ " MPT, Telenor, Ooredoo" များနဲ့အဆင်ပြေနိုင်မယ် Vpnလေးတခုဖြစ်တဲ့ "1,1,1.1" Vpn လေးကတော့

"1,1,1,1"Vpn လေးကို Iphone တွေမှာဆိုရင် "App Store" , Android Phone တွေမှာဆိုရင်တော့ "Google Play Store" မှာအလွယ်တကူဝင်ရောက် download ဆွဲယူနိုင်ပါတယ်....

ပထမဦးစွာ ကျွန်တော်တို့ Vpnကိုဖွင့်လိုက်ပါ....


ပုံမှာ ပြထားတဲ့နေရာလေးကို နိုပ်ပါ....

" Account" နဲ့ "Advanced" ဆိုပြီး တွေ့ရပါမယ်...

"Advanced" ထဲကိုဝင်လိုက်ပါ.... "Advance" ထဲရောက်သွားရင် ကျွန်တော်တို့ "Help Center, Send Feedback, Restore Purchase, Enable notification, Connection options, Diagnostics" ဆိုပြီးတော့ option 6 ခုကိုမြင်ရပါမယ်.... ပထမဦးစွာကျနော်တို့က "Diagnostics" ထဲကိုဝင်ရပါ့မယ်....

ကျွန်တော်တို့ "Diagnostics" ထဲရောက်ပီဆိုရင်တော့ " Connection, DNS protocol, Colocation center, Connection type, Public Ip, ID, Pubic Key, Debug configuration, etc," ဆိုပြီးတွေ့ရပါ့မယ်.... "ID" မှာပေါ်နေတဲ့ နံပါတ်လေးကို Copy လုပ်ပါ.... ပြီးလျှင် အနောက်သို့ တစ်ဆင့်ပြန်ထွက်ပါ....

ကျွန်တော်တို့ "Advanced"ထဲပြန်ရောက်သွားပါလိမ့်မယ်..... အာ့ဆိုရင်ကျွန်တော်တို့ " Connection Option" ထဲကိုဝင်ရပါမယ်.... 

"Connection Options" ထဲရောက်ပီဆိုလျှင် "Disable for Cellular networks, Disable for Wi-Fi networks, Add Wi-Fi network, DNS setting, Use failback resolvers for NxDomain, etc."  ဆိုပြီးရှိပါမယ်...   ကျွန်တော်တို့က "DNS setting" ထဲကိုဝင်ရပါမယ်.....

"DNS setting" ထဲရောက်ပီဆိုရင်တော့ အောက်ဆုံးမှာ "GATEWAY DOH SUBDOMAIN" ဆိုတဲ့နေရာမှာ ခုဏက ကျွန်တော်တို့ Copy ယူလာတဲ့ ID ကို Paste လုပ်လိုက်ပါ....

ပီးရင်တော့ကျွန်တော်တို့မူလနေရာသို့ပြန်သွားပါ.... ပထမစစချင်းကျွန်တော်တို့တွေ့ခဲ့ရတဲ့ "WARP" ဆိုတဲ့နေရာလေးမှာ "Teams" ဆိုပြီးအပြာရောင်စာလုံးလေးပြောင်းသွားပီဆိုရင်တော့ ကျွန်တော်တို့ Mobile Data နဲ့ Internet သုံးလို့ရပါပီ.....

ပြန်လည်ဝေမျှပေးလိုက်ပါတယ်.....

ကျေးဇူးတင်ပါတယ်.....

မင်္ဂလာရှိသောနေ့လေးကိုပိုင်ဆိုင်နိုင်ပါစေ.....

Comments

Popular Posts