What is GMAIL????

Gmail ရှိ Feature အသစ်များ

Gmail ဟာ အင်တာနက်အသုံးပြုသူတိုင်းအတွက် နှစ်သက်စွာ ပြုလုပ်လျှက်ရှိသော Google

၏ ဆားဗစ် တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ထို Gmail အတွင်း Google မှ ထပ်မံ တိုးမြှင့်ပေးခဲ့သော

ဆားဗစ်အသစ်နှင့် Feature အချို့ကိုတော့ လူသိနည်းပြီးအသုံးပြုမှုနည်းတာကို တွေ့ရပါတယ်။

ထို့ကြောင့် ထို Gmail အတွင်းရှိ Feature များကိုစုစည်းတင်ပြလိုက်ပါတယ်။

(1) ယခုနှစ်အတွင်း Googel မှ iPhone နှင့် Android ဖုန်းများအတွင်းGmail

ထည့်သွင်းအသုံးပြုနိုင်စေရန် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဖုန်းအတွင်းမှ Gmail ကို

အသုံးပြုလိုုပါကသင်၏ ဖုန်း Browser ကိုဖွင့်ပြီး Gmail.com

သို့ဝင်ရောက်ကာအလွယ်တကူအသုံးပြုနိုင်ပါတယ်။ ထို့ပြင် အလိုမရှိသော Message များကို mute

ပြုလုပ်၍ တားဆီးထားနိုင်ပြီး Online နှင့် Offline နှစ်မျိုးစလုံးအသုံးပြုနိုင်ပါတယ်။

(2) Gmail အတွင်းပိုပိုလှပကောင်းမွန်သော Theme များအား ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

ထိုသို့ ပြောင်းလဲအသုံးပြုလိုပါက Setting ထဲမှ တဆင့် Theme သို့ဝင်ရောက်ကာ

လဲလှယ်အသုံးပြုနိုင်ပါတယ်။ ထို့ပြင် Random ကိုရွေးချယ်ပေးထားပါက Theme

ပေါင်းမြောက်များစွာကို နေ့စဉ်ပြောင်းလဲပေးနေမည်ဖြစ်ပြီး ထို Theme များကိုကြည့်ရှုလိုပါက Setting

ထဲမှ Theme Tabs သို့သွားကာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(3) Mail အတွင်း Setting ထဲမှတဆင့် Labs Tab သို့ဝင်ရောက်ကာ Message Translation ကို

Turn On ပြုလုပ်ထားလို်က်ပါ။ ထိုအခါ Gmail ဟာ ဘာသာစကားပေါင်းများစွာကို အလိုအလျောက်

ဘာသာပြန်ပေးမည်ဖြစ်ပြီး Click တစ်ချက်နှိပ်ရုံဖြင့် အလိုရှိရာ ဘာသာစကားသို့ ပြောင်းလဲအသုံး

ပြုနိုင်ပါတယ်။

(4) Gmail အတွင်း Lables တပ်ထားသော Tab တစ်ခုကို ထည့်သွင်းအသုံးပြုနို်င်ပြီး နှစ်သက်ရာ

Message များကို Label အတွင်း Drag and Drop အနေဖြင့် ထည့်သွင်း အသုံးပြုနိုင်စေပါတယ်။

ထို့ပြင် Labs top အတွင်းရှိ ဓါတ်ပုံ၊ ဗွီဒီယိုများ ကြည့်ရှုနိုင်စေသည့် youtube, Picasa , Flickr စသည့်

Link များကိုထည့်သွင်းထားနိုင်ပြီး Mail အတွင်းမှ အလွယ်တကူ အသုံးပြုစေနိုင်ပါတယ်။

(5) Gmail အတွင်း သင်ပို့ုလိုက်သော Message များနှင့် ပက်သက်၍ Undo ပြုလုပ်နိုင်ပါတယ်။

ဒါပေမယ့် ထိုသို့ Undo ပြန်လည်ပြုလုပ်ရာတွင် ပေးပို့ပြိီးစက္ကန့်ပိုင်းအတွင်းမှာသာ ပြုလုပ်နိုင်မှာဖြစ်ပြီး

Labs tab ထဲ၌ ထိုဆားဗစ်ကို On ပေးထားရမှာပဲဖြစ်ပါတယ်။

(6) Gmail က ို Offline အနေဖြင့်အသုံးပြုလိုပါက Labs Top အတွင်း Offline Access ကို Turn

On ပြုလုပ်ပေးထားရမှာပဲဖြစ်ပါတယ်။

(7) Gmail ၏ ထူးထူးခြားခြားဝန်ဆောင်ပေးသော ဆားဗစ်တစ်ခုမှာ စတေကာနှင့်

တံဆိပ်ခေါင်းများ ကပ်ပေးခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ထို ဆားဗစ် ဟာ ဖေဖော်ဝါရီလ ၁၄

ရက်နေ့တစ်နေ့တည်းသာဖြစ်ပြီး လှပကောင်းမွန်သော စာအိပ်ကလေးများကိုရယူပေးပို့နိုင်ပါတယ်။

(8) ယခု အချိန်မှာ သင်၏ Browser အတွင်းမှတဆင့် PDF ဖိုင်များကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး

Download ပြုလုပ်ရာမှာလည်း လွယ်ကူပါတယ်။ ထို့ပြင် View ကိုနှိပ်၍လည်း

အလွယ်တကူဖတ်ရှုနိုင်ကြောင်း Google မှကြေညာခဲ့ပါတယ်။

(9) Gmail ၏ Labs tab ထဲမှတဆင့် SMS text messaging ကို On ထားခြင်းဖြင့် SMS

Message များပေးပို့လို့ရပါတယ်။ ထို့ပြင် Chat Box အတွင်းမှလည်း အသုံးပြုနိုင်ပြီး Message

များကိုလည်းပြန်လည်ရယူနိုင်စေပါတယ်။

(10) Gmail အတွင်း အုပ်စုလိုက်စကားပြောဆိုခြင်း Group Chat ကိုအသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။

ထိုသို့ Group Chat ကို အသုံးပြုလိုပါက Chatting ပြုလုပ်နေစဉ် Options Menu ထဲမှတဆင့် Group

Chat ကိုရွေးချယ်ကာ Invite လုပ်ရင်းအသုံးပြုနိုင်ပါတယ်။

(11) Gmail အတွင်း Attachment တွဲရာမှာ 20MB အထိတိုးမြှင့်လုပ်ဆောင်ပေးခဲ့ပြီး ယခင်ထက်

၂ဆ ပိုုမိုတိုးမြှင့်လာတာကိုတွေ့ရပါတယ်။ ထို့ပြင် Slide Show များကိုလည်း ကြည့်ရှုနိုင်စေရန်

ပြင်ဆင်ပေးထားပြီး .ppt attachment ဖိုင်များကိုအလွယ်တကူ Preview

အနေဖြင့်ကြည့်ရှုနို်င်စေပါတယ်။

(12) Gmail အတွင်း Microsoft Office နှင့် Open Office ဖိုင်များတွဲဖက်ဝင်ရောက်လာပါက

Download ပြုလုပ်ရန်မလိုအပ်ပဲ View as HTML သို့ Click ပြုလုပ်ကာ

အလွယ်တကူဖတ်ရှုနိုင်စေပါတယ်။ ထို့ပြင် PDF File များကိုလည်း Support

လုပ်ကြောင်းသိရှိရပါတယ်။

(13) Gmail ၏ Setting အတွင်း Signature ကိုအသုံးပြုကာ သင်ပို့လိုက်သည့် Mail အောက်ခြေ၌

Sign တစ်ခုကို အလွယ်တကူရေး ထိုးထားနိုင်ပါတယ်။ ၎င်းအပြင်အခြား POP Mail များနှင့်

ပါတွဲဖက်အသုံးပြုနိုင်ပြီ ဖြစ်ပြီး Contact များကိုလည်း Export အနေဖြင့်ရော Import အနေဖြင့်

အသုံးပြုနိုင်ပါတယ်။

Comments

Popular Posts