What is Fiber Optic Cable????

 Fiber Optic Cable အကြောင်းသိကောင်းစရာ


Networking သမားတစ်ယောက်အဖို့ Network Media တွေကိုတော့အသေးစိတ်

သိထားဖို့လိုအပ်ပါတယ်ဗျာ..ကျွန်တော်တို့ Network ချိတ်ဆက်ဖို့ရာ ကြားခံ Network

Medium တွေများလှပါတယ်..အခုတင်ပြပေးမဲ့အကြောင်းအရာလေးကတော့ လက်ရှိ

နောက်ဆုံးနည်းပညာတစ်ခုဖြစ်တဲ့ ( FTTH ) Fiber To The Home ဆိုတာက အခု

ကျွန်တော်တို့ဆီမှာရေးပန်းစားနေတာအားလုံးသိကြမှာပါနော်…

ကဲဒါဆို Fiber Optic Cable အကြောင်းလေးကိုစပြီးလေ့လာကြပါစို့ဗျာ..ကျွန်တော်တ ို့

Network ချိတ်ဆက်တော့မယ်ဆိုရင် အရင်ဦးဆုံး Cable နဲ့လား Wireless နဲ့လားဆိုပြီး

စပြီးစဉ်းစားကြရမှာပါ..Cable နဲ့ချိတ်ဆက်မယ်ဆိုရင် UTP cable နဲ့သာချိတ်ဆက်နေ

ကြတာအခုထိပါဘဲ..ဟောအခု Fiber Optic Cable ပေါ်လာတော့ ကျွန်တော်တို့

ဒီအကြောင်းကိုသိဖို့လိုအပ်လာပြန်ပြီးပေါ့..

ကျွန်တော်တို့အခုသုံးနေတဲ့ UTP Cable (Cat 5e ) ဟာ Electric signal နဲ့ Data တွေ

ကိုသယ်ဆောင်တာဖြစ်လို့ အများဆုံး ( Cat 5e ဆိုရင် 100mbps နဲ့ Cat 6e ဆိုရင်

1000 Mbps )နဲ့ဘဲသယ်ဆောင်နိုင်ပါတယ်ဗျာ..နောက်ကျွန်တော်တို့က Local လောက်

ဘဲချိတ်ဆက်နိုင်ပြန်တယ်..Fiber ဆိုရင်တော့ ဒီလိုမဟုတ်ပါဘူး အကွာအဝေးကိုအကန့်

အသတ်မရှိချိတ်ဆက်နိုင်ပါတယ်.တစ်နည်းအားဖြင့် (WAN ) အထိချိတ်ဆက်နိုင်တယ်လို့

ဆိုလိုခြင်တာပါ..Fiber Optic Cable ကတော့ Light Signal နဲ့သွားတာဖြစ်လို့အမြန်နှုန်းက

တော့အံ့မခန်းပေ့ါဗျာ..

အခုဆိုရင်ကျွန်တော်တို့ဆီမှာပေါ့ ( FTTH ) Fiber To The Home ဆိုပြီးအိမ်တိုင်ရာရောက်

တပ်ဆင်အသုံးပြုနိုင်လာတာကိုတွေ့မြင်နိုင်ပါတယ်..၄င်း Cable ဟာ Data တွေကိုလည်း

သယ်ဆောင်နိုင်သလို TV Channel တွေကိုလည်းဝင်ရောက်ကြည့်ရှု့လို့ရမှာဖြစ်ပါတယ်..

ဒီလို Global အထိချိတ်ဆက်အသုံးပြုနိုင်တဲ့ Fiber Cable ကိုအသုံးပြုတယ်ဆိုရင်တော့

စျေးနှုန်းအရကတော့နည်းနည်းပိုပါတယ်..UTP Cable ထက်စျေးနှုန်းကတော့အရမ်းကွာ

ခြားလှပါတယ်ဗျာ..

ကျွန်တော်တို့တွေ အသုံးပြုနေတဲ့ UTP Cable ကို အသုံးပြုရမလွယ်ပါဘူး။Fiber Optic

နဲ့တွဲဖက်ပြီးအသုံးပြုနေတဲ့ Tools တွေကလည်း အများကြီးရှိတယ်။

သူများနိုင်ငံတွေမှာဆိုရင်တော့ Fiber Optic Cable ကိုကျွမ်းကျွမ်းကျင်ကျင်

အသုံးပြုတတ်ဖို့ရန်အတွက် Fiber Optic Cable ကို အသုံးပြုပုံပြုနည်းသင်တန်းတွေပါတက်ရ

တယ်ဗျ...။ဘာကြောင့် Fiber Optic Cable က ကိုင်တွယ်ရခက်တာလဲဆိုရင်....Fiber Optic

Cableထဲမှာ အသုံးပြုထားတာသည် Glass Core or Plastic Core ကို အသုံးပြုထားလို့ပဲ

ဖြစ်တယ်။ နောက်ပြီး အဲဒီ Glass Core ထဲမှာ

သွားတဲ့Signalသည်အလင်းတန်းသွားတာဖြစ်တယ်။ ပိုပိုပြီး

စိတ်ဝင်စားဖို့ကောင်းလာတယ်နော်...။Fiber Optic Cable ရဲ့ Glass Core

ထဲမှာသွားတာသည် အလင်းတန်းဖြစ်သွားလို့ Computer တစ်လုံးနဲ့တစ်လုံး Dataတွေ

Access လုပ်မယ်ဆိုရင် အလင်းမြန်နှုန်းနဲ့တောင် Access လုပ်လို့ရတာပေါ့။ ကဲ ကဲ

အောက်မှာဖော်ပြထားတဲ့ Fiber Optic Cable လေးကိုကြည့်လို်က်ပါဦး။


Fiber Optic Cable

ပုံမှာပြထားတဲ့အတိုင်း Fiber Optic Cable လေးကို ရှင်းမယ်ဆိုရင် Fiber Optic Cable ရဲ့

အပေါ်ဆုံးအလွှာကို

Outer Jacket လို့ ခေါ်ပါတယ်။ Outer Jacket က Fiber Optic Cable ကို

ထိခိုက်ဒဏ်ရာရမှုကနေ

ကင်းဝေးအောင် ကာကွယ်ပေးထားပါတယ်။ Keular Strength Fibers ကတော့

ကြားဖြတ်ဝင်ရောက်နှောင့်ယှက်မှုတွေဖြစ်သော Electro Magnetic Interference (EMI)

နှင့် Radio

Frequency Interference (RFI) တို့ရန်မှ ကာကွယ်ပေးထားတာဖြစ်တယ်။ ပြီးရင် Plastic

Buffer Coating ရဲ့

အောက်ထဲ၌ glass Fiber ကို ထားရှိပါတယ်။ ဒါကြောင့် Fiber Optic Cable ဟာ

နှစ်ပေါင်းများစွာ

ကာလကြာမြင့်အောင် Network ချိတ်ဆက်နိုင်ရန် အသုံးပြုထားတဲ့ Cable ပဲ ဖြစ်ပါတယ်။

ကဲဒါဆိုရင် Fiber

Optic Cable ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ဆက်လက်လေ့လာကြည့်ရအောင်...Fiber

Optic Cable က

ဘယ်လိုအလုပ်လုပ်သလဲ ဆိုရင်တော့ အလင်းနဲ့ အလုပ်လုပ်ပါတယ်။

အလင်းနဲ့အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာလည်း နှစ်မျိုးနဲ့အလုပ်လုပ်ပါတယ်။ ၄င်း Fiber

Optic ဟာအလင်းနဲ့အလုပ်လုပ်တဲ့အတွက attenuation က Signal Weak မဖြစ်နိုင်ပါဘူး ။

အလင်းနဲ့အလုပ်

လုပ်တယ်ဆိုတဲ့နေရာမှာလည်း Mode နှစ်မျိုးနဲ့ အလုပ်လုပ်ပါတယ်။ အဲဒီMode

နှစ်မျိုးကတော့ Single Mode

နှင့် Multimode တို့ပဲဖြစ်ပါ တယ်။အောက်မှာဖော်ပြပေးထားတဲ့ ပုံလေးကို ကြည့်လိုက်ပါ...။

Signal Mode နဲ့ Multimode ကို အောက်မှာပုံနှင့်တကွ ယှဉ်တွဲဖေါ်ပြထားပါတယ်။


Single Mode

ပုံမှာပြထားတဲ့အတိုင်း Single Mode သည် One Directional န့ပဲ ဲ သွားပါတယ်။ Multimode


ကတော့

Directional နဲ့ သွားပါတယ်။ ဒါကြောင့် Fiber Optic Cable မှာ Single Mode နဲ့ သွားရင်

Fiber Optic Cable

ကြိုး Transmit နှင့် Receive ကြိုး 4 Pair / 2 wire ကို အသုံး ပြုပြီး ချိတ်ဆက်လို့ ရပါတယ်။

Multimode

နဲ့သွားရင်တော့ Cable တစ်ကြိုးထဲပဲသုံးဖို့လိုတယ်။ Glass Core 1 ခုထက်ပိုပြီး

ပါရှိတာတွေလည်း ရှိပါတယ်။

ဥပမာအားဖြင့် ဖော်ပြရင်တော့ Cable ကြိုးတစ်ခုထဲမှာ Fiber Optic Cable Glass Core တွေ

4 Core,12

Core,24 Core စသဖြင့် ပါရှိတတ်ပါသည်။ ကဲဒီလောက်ဆိုရင်တော့ Fiber Optic Cable

အကြောင်းကို

သိလောက်ပေါ့နော် ်။ ဒါဆိုရင်တော့ ကျွန်တော်ဆက် လက်ပြီး.... Fiber Optic Cableမှာ

အသုံးပြုတဲ့

Connector ခေါင်းတွေနှင့် Cable တွေချိတ်ဆက်ထားပုံကို အောက်မှာပုံနဲ့တကွ

ဖော်ပြပေးထား ပါတယ်။



Fiber Optic Cable Connector



Fiber Optic Core


Fiber Optic Cable Connection

Fiber Cables ပုံစံမျိုးစုံလည်းဖော်ပြပေးထားပါတယ်.......

 


Comments

Popular Posts