Installation of PyidaungSu Font on Fedora 36

 

Installation of PyidaungSu Font on Fedora 36

ပထမဦးစွာ PyidaungSu FontIbus KeymagicPyidaungSu.km2 keyboard တို့ကို Downloads လုပ်ပေးရပါမယ်။
    ကျွန်တော်တို့က PyidaungSu Font ကို Window Osမှာကဲ့သို့ Install လုပ်ပေးထားရပါမယ်။ ပြီးပြီဆိုလျှင်တော့ အောက်ပါ Command Lines အတိုင်း ရိုက်ပေးပါ။
   ကျွန်တော်တို့ လက်ရှိရောက်နေတဲ့နေရာကနေ ခုဏက Downloadလုပ်ထားသော နေရာသို့ပြောင်းပေးရပါ့မယ်။ ကျွန်တော်ကတော့ Downloads နေရာမှာရှိတာဆိုတော့

cd Downloads/

       ပြီးလျှင် ကျွန်တော်တို့ Downloads Folder ထဲမှာဘာရှိတယ်ဆိုတာသိဖို့ အောက်က Command လေးကိုရိုက်ပေးပါ။

ls -l

        ပြီးလျှင် Ibus Keymagic လေးကို စပြီး Install ပါမယ်။

sudo dnf install ibuskeymagic.rpm

        ပြီးလျှင် keymagic Folderလေးကို ဆောက်ပေးရပါမယ်။ Folderလေးဆာက်ဖို့အတွက် Commandကတော့

mkdir ~/.keymagic

       ပြီးလျှင် Pyidaungsu.km2 keyboard လေးကို ခုဏကဆောက်လိုက်တဲ့ Folderလေးထဲကူးထည့်ပေးရပါမယ်။ ကူးထည့်ပေးရမယ့် Commandလေးကတော့

cp PyidaungSu.km2 ~/.keymagic/

       ပြီးလျှင် Command လေးရိုက်ပေးလိုက်ရင်ရပါပီ။

ibus-daemon -rdx

      အာ့ဆိုရင်ရပါပီ။ ကျွန်တော်တို့ Settingထဲက KeyBoard လေးမှာ English(PyidaungSu.km2) ဆိုတဲ့ Keyboard လေးရလာပါလိမ့်မယ််။



ကျေးဇူးတင်ပါတယ်......

သာယာတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။........

#TeamTechno

Comments

Popular Posts